ပထမဦးဆုံး လိုအပ်တာတွေကို အရင်ဒေါင်းပါ။ လိုအပ်တာကတော့
MT65xx VCOM Driver, SP Flash Tool, image file တွေလိုအပ်ပါတယ်။
လိုအပ်တဲ့ဖိုင်တွေကို ယခုပိုစ့်မှာတင်ထားပါတယ်။
Driver သွင်းနည်း
-------------------
Driver သွင်းဖို့အတွက် ယခုပိုစ့်မှာတင်ထားတဲ့ MTK Driver ကိုဖြည်ချထားပါမယ်။
ပြီး ဖုန်းကို ပါဝါပိတ်ပြီး ဓာတ်ခဲဖြုတ်ထားပါ။ နောက် ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ချိတ်ပါ။
ပြီးမှ ဓာတ်ခဲကို ထည့်ပါ။ ဒါဆိုရင် Computer မှာ MT65xx လိုမျိုး Driver လာတောင်းပါမယ်။
အဲ့ဒီအတွက် ခုဏက ဖြည်ချထားတဲ့ MTK Driver ဖိုဒါကိုညွန်းပေးပြီးတော့ Driver ကိုသွင်းပါ။
Flash လုပ်နည်း
------------------
Driver လည်း အောင်မြင်စွာ သွင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာကနေဖြုတ်ပြီး ဓာတ်ခဲလည်းဖြုတ်ထားပါ။
U8812D_FlashTool_MMMPxTeam.rar ဖိုင်ကို ဖြည်ချပါ။ ပြီးရင် အထဲထဲက Flash_tool.exe ကို run ပါ။
အောက်ကပုံအတိုင်း ပေါ်လာပါမယ်။
နံပါတ် (၁) နေရာကိုနှိပ်ပြီးတော့ ခုဏကဖြည်ချထားတဲ့
Flash Tool ဖိုဒါထဲက MT6575_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးပါ။
ပြီးရင် နံပါတ် (၂) မှာပြထားတဲ့အတိုင်း BOOTIMG နေရာကို အမှန်ခြစ်ပါ။ ပြီးရင်
နှစ်ချက်နှိပ်ပြီးတော့ U8812D_Font_NoRoot_MMMPxTeam.img ဖိုင်ကိုရွေးပါ။
ပြီးပြီဆိုရင် နံပါတ် (၃) နေရာက Download ကိုနှိပ်လိုက်ပါ။ ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာကို
USB ထိုးပါ။ ပြီးမှ Battery ကိုထည့်ပါ။
ဒါဆိုရင် Flash tool နဲ့ ဖုန်းနဲ့သိသွားပြီး အနီရောင်ဘားလေး အရင်ပြေးပါမယ်။
ပြီးရင် ဒုတိယတစ်ခါ အ၀ါရောင်ပြေးပါမယ်။
အားလုံးပြီးသွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းပေါ်လာရင်တော့ အောင်မြင်သွားပါပြီ။
အစိမ်းရောင်အကွက်လေးနဲ့ OK ပြပြီးသွားပြီဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာနဲ့ဖြုတ်ပြီးတော့ ဖုန်းကို ပါဝါပြန်ဖွင့်ကြည့်ပါ။ မြန်မာစာ auto ၀င်သွားပါပြီ။ မြန်မာ Keyboard လေးသာထည့်ပြီး မြန်မာစာပေါ်မပေါ်စမ်းကြည့်ပါ။
အခုနည်းက Root မလုပ်ဘဲ မြန်မာစာထည့်နည်းပါ။
Root လုပ်ချင်သူတွေအတွက်က U8812D_Root.img
ဖိုင်ကို ခုဏက BOOTIMG မှာရွေးပြီး အပေါ်ကအဆင့်အတိုင်းလုပ်ပြီး Root လုပ်နိုင်ပါတယ်။
U8812D_Font_NoRoot_MMMPxTeam.img
ဒီမှာ ဒေါင်းပါ။
Driver အတွက်
ဒီမှာ ဒေါင်းပါ
FlashTool
ဒီမှာ
U8812D ကို root လုပ်မယ်ဆိုတော့
ဒါပေမဲ့သူကိုလုပ်တာပြသာနာတွေနဲ့
ကြုံနေရတဲ့သူတွေအတွက်အလွယ်ဆုံးနည်းလေးတင်ပေးလိုက်ပါတယ်…
အဆင်ပြေမှာပါ။ ပထမဆုံးဒါလေးကိုအရင် Download လုပ်ရပါမယ်…
ပီးရင် Extract လုပ်လိုက်ပါ..
root_tools.exe ကို Run လိုက်ပါ….
ဖုန်းကိုဒီအတိုင်း USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ပြီးကြိုးထိုးရုံပဲနော်…..
ဘာမှလုပ်စရာမလိုဘူး
ပြီးရင် Reset ကျသွားပါလိမ့်မယ်…
မကျရင် Reset ချပေးလိုက်ပါ..
ပြန်တက်လာရင်Root ဆိုတာလေးတွေ့ပါလိမ့်မယ်…..
အဆင်ပြေပါစေ…. software လေးကတော့ ဒီမှာ ဒေါင်းလိုက်ပါ။
No comments:
Post a Comment