Pages

Sunday, December 30, 2012

Hackulous ပိတ်သိမ်းကြောင်း ကြေငြာ

Device တွေကို Jailbreak လုပ်ဖူးကြတဲ့ မိတ်ဆွေများကတော့ Cydia Repo တွေနဲ့  ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ အဲဒီ Repo တွေ အများကြီး ရှိတဲ့ အထဲက "hackulo.us" ဟာ အလွန် ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။
Jailbreak သမားများအတွက် မရှိမဖြစ် ဖြစ်ခဲ့တဲ့ Installous, Appsync တို့ ကို များသော အားဖြင့် "hackulous" ကပဲ သွင်းယူခဲ့ကြရတာပါ...



ယခုတော့ အထက်ပါပုံမှာ မြင်တွေ့ ကြရတဲ့ အတိုင်း "Hackulous" site ဟာ တိုးတက်မှုမရှိတော့သလို၊ သူရဲ့ ဖိုရမ်ဟာလည်း အသုံးပြုသူမရှိပဲ ခြောက်ကပ် နေတာကြောင့် ဆက်လက်၍ ပံ့ပိုး၊ ပြုပြင် ထိမ်းသိမ်းခြင်း မလုပ်တော့ပဲ Shut down လုပ်လိုက်တဲ့ အကြောင်းကို ဖော်ပြထားပါတယ်။ နှစ်အတန်ကြာ ရေပန်းစား အသုံးဝင်ခဲ့တဲ့ Site လေး အခုလို ရုတ်တရက် ပိတ်သွားတာကတော့ နှမြောစရာကောင်းလှပါတယ်။

ကျွန်တော် iPhone အကြောင်း စတင် လေ့လာစဉ် Cydia Source အနေနဲ့  ပထမဦးဆုံး သွင်းခဲ့တာ "http://cydia.hackulo.us" Repo လေးပဲဖြစ်ပါတယ်။
ဒါပေမယ့် "Hackulous" လိုပဲ အသုံးဝင်တဲ့ အခြား Repo တွေ ရှိနေသေးတာကြောင့် ကြီးကြီးမားမား ပြဿနာ ဖြစ်လာစရာ မရှိပါဘူး။



မိုးသိကြား

No comments:

Post a Comment