Apple ပန်းသီးသမားတွေအတွက် Jailbreak လုပ်ထားတဲ့ဖုန်းတွေမှာရှိတဲ့
ဂိမ်းတွေဆော့ဝဲတွေဖြစ်တဲ့ ဖူးဗားရှင်းတွေကို ဖရီးဒေါင်းနိုင်တဲ့
Installous ဆော့ဝဲကို လူတိုင်းသိကြမယ်ထင်ပါတယ် ။စိတ်မကောင်းစရာသတင်းကတော့ သူရဲ့မူပိုင်ဖြစ်တဲ့ cydia.hackulo.us ဆိုတဲ့ Repo ကို သူကိုယ်တိုင်ဖျက်သိမ်းလိုက်ပါပြီ Repoကိုဖျက်သိမ်းလိုက်တဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ အရာတွေ အလုပ်မလုပ်တော့ပါဘူး အခုဖုန်းထဲမှာ လက်ရှိသွင်းထားပြီးသားရှိနေတဲ့ Installous ကိုဝင်ကြည့်လိုက်ပါ မရတော့ပါဘူး အထဲမှာပြောင်သွားပါပြီ တိန့် တိန် တိန်
ကဲ installous ဆော့ဝဲထက်အများကြီးသာတဲ့ vShare ဆိုတဲ့ဆော့ဝဲလေးကို Apple သမားတွေအတွက် အင်စတောလုပ်နည်းလေး လမ်းညွှန်ပေးလိုက်ပါတယ် ။
installous ဆော့ဝဲထက်အများကြီးသာပါတယ်....။ ရှာရတာလွယ်ကူသလို တော်တော်လည်းစုံပါတယ် သူ့ရဲ့အားသာချက်ကတော့ Full Version ။ Free Version အကုန်တင်ပေးထားခြင်းပါပဲ ။
လိုချင်ရင်တော့ အောက်ကနည်းအတိုင်း ဒေါင်းယူပါ
သင့် Apple က Safari browser ကိုဖွင့်လိုက်ပါ
ပြီးရင် v.appvv.com ဆိုတဲ့ဆိုက်ကိုရိုက်ပြီး သွားလိုက်ပါ
အဲဒီမှာ Download / Install vShare ဆိုပြီးတွေ့ပါလိမ့်မယ် နှိပ်လိုက်ပါ
ဘောက်လေးတစ်ခုထွက်လာပြီး Install လုပ်ခိုင်းပါလိမ့်မယ် Install ကို နှိပ်လိုက်ပါ
ကဲ သင့် Apple မှာ အရမ်းလန်းတဲ့ Market Store လေး အင်စတောလုပ်လို့ပြီးသွားပါပြီ
vShare ဆော့ဝဲကို iPA ဖိုင် လိုချင်သူများ သင့် PC ကနေ v.appvv.com မှာဒေါင်းယူ နိုင်ပါတယ် ။
Ref : Djjoe Man (MMF)

No comments:
Post a Comment